နွေဦး စစ်သည် ရေဒီယို အင်န်ယူဂျီ

Radio NUG ၏ နေ့စဉ် အသံထုတ်လွှင့်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လှမ်းမှ ပါဝင်ကူညီလုပ်ဆောင်နိုင်ရန် မိဘပြည်သူများအား ဖိတ်ခေါ်ခြင်း

ရေဒီယိုအား ​ငွေကြေးထောက်ပံ့ခြင်း။

**************************************

Radio NUG ၏ ဆက်စပ်လုပ်ငန်းများနှင့် လိုအပ်သော ​ငွေကြေးများ ထောက်ပံ့နိုင်ရန် Zelle, Paypal တို့မှ DonateRadioNUG@MoCITMyanmar.org သို့ လည်းကောင်း

လှူဒါန်းနိုင်မည်ဖြစ်ပါသည်။

Youtube Channel မှ Video များကိုနားဆင်ပေးခြင်းအားဖြင့် ရရှိလာမည် Video View များမှ ရရှိသော ကြော်ငြာ​ငွေများဖြင့်လည်းပါဝင် ကူညီ ထောက်ပံ့နိုင်ပါသည်။

https://www.paypal.com/donate/... 

တတတ်တအား ပါဝင်လိုသော မိဘပြည်သူများနှင့် တော်လှန်သော သောတရှင်များအနေဖြင့် မိမိတို့ကူညီနိုင်သော အပိုင်းများမှ ဝင်ရောက် ကူညီနိုင်ပါရန် Radio NUG အဖွဲ့သားများမှ ဖိတ်ခေါ်လိုက်ရပါသည်။

၁။ သတင်းနှင့် ဆောင်းပါးများ ပေးပို့ခြင်း။

**************************************

မြန်မာနိုင်ငံတစ်ဝှမ်းလုံးနှင့် ကမ္ဘာတစ်လွှားက နားဆင်နေကြတဲ့ ပရိတ်သတ်များထဲက မိမိအားသန်ရာ ကိုယ်ပိုင်ဆောင်းပါး၊ ကဗျာ ၊ သရော်စာ များကို စာမူများ အနေနဲ့သော်လည်းကောင်း အသံဖြင့် ရွတ်ဖတ်၍သော်လည်းကောင်း

radionug@mocitmyanmar.org  သို့ပေးပို့နိုင်ပါသည်။

မှန်ကန်သော မြေပြင်သတင်းအချက်အလက်များကိုလည်း အချိန်နှင့်တပြေးညီ ပေးပို့နိုင်မည်ဖြစ်ပြီး Radio NUG ၏ သတင်းနှင့် အစီအစဉ်တာဝန်ခံများမှ ပေးပို့လာသော သတင်းနှင့် ဆောင်းပါးများကို စီစစ် တည်းဖြတ်ပြီး အသံထွက် ထုတ်လွှင့်ပေးလျက်ရှိပါသည်။

၂။ တော်လှန်ရေး တေးသီချင်းများ ပေးပို့ခြင်း။

******************************************

နွေဦးတော်လှန်ရေး၏ အားကောင်းသောကဏ္ဍများထဲတွင် တေးသီချင်းများနှင့် ကဗျာများလည်း အပါအဝင်ဖြစ်သည်။ အနုပညာအားကောင်းသော တော်လှန်ရေး တေးသီချင်းများစွာ ထွက်ပေါ်လျက်ရှိရာ အများစုမှာ ရေဒီယိုတွင် ထုတ်လွှင့်ပြီးဖြစ်ပါသည်။ တော်လှန်သော အနုပညာရှင် ဂီတပညာရှင်များအနေဖြင့် မိမိတို့၏ တေးသီချင်းနှင့် ကဗျာများကို အောက်ပါ လင့်မှတဆင့် Google form ကို ရယူပြီး ပေးပို့ရန် မေတ္တာရပ်ခံအပ်ပါသည်။

https://forms.gle/9terydp1SV3Armcg6 

၃။ ရေဒီယို ဖမ်းယူရရှိမှု သတင်းပေးပို့ခြင်း။

****************************************

မြန်မာပြည်နှင့် ကမ္ဘာတစ်လွှားရှိ ရေဒီယိုဝါသနာရှင်များနှင့်နားသောတရှင်များအနေဖြင့် မိမိတို့ အရပ်ဒေသအလိုက် Radio NUG ၏ လှိုင်းတိုမီတာ ဖမ်းယူရရှိမှုအခြေအနေများအားအောက်ပါ လင့်မှ တဆင့် Google form ရယူပြီး သတင်းပေးပို့နိုင်ပါသည်။

https://forms.gle/vLj4pdNC5Bw3tqDF6

The voice of Myanmar Spring Revolution and National Unity Government of Myanmar

Broadcasting Shortwave Radio daily 8:30 AM on 17.79 Mhz & 8:30 PM on 11.94 MHz 

Also available online @ Facebook, YouTube, Google Podcast, Apple Podcast, TuneIn Radio